×

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

22 Jan 2020

(ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအသုံးပြု နေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် တယ်လီဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲတပ်ဆင်ပေးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်ကွန်ရက်စနစ် (Cable Network) အားလည်း ယခုလက်ရှိ ကြေးနန်းကြိုး (Copper Cable) အသုံးပြုစနစ်မှ မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြုစနစ်သုံး တယ်လီဖုန်းများဖြင့် ပြောင်းလဲတပ်ဆင်မည်ဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လ အထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

နယ်မြေ အိတ်ချိန်း Migration စတင်ပြုလုပ်မည့် ရက်စွဲ လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် အသစ်ပြောင်းလဲမည့်ဖုန်းနံပါတ်
ဧရာဝတီ

တိုင်းဒေသကြီး

အိမ်မဲ အိတ်ချိန်း ၀၁-၀၂-၂၀၂၀ ၀၄၂-၈၅xxx ၀၄၂-၂၀၈၅xxx
အသုတ် အိတ်ချိန်း ၀၁-၀၂-၂၀၂၀ ၀၄၆-၅၀xxx ၀၄၆-၂၂၅၀xxx
ငသိုင်းချောင်းအိတ်ချိန်း ၀၁-၀၂-၂၀၂၀ ၀၄၆-၆၀xxx ၀၄၆-၂၂၆၀xxx
ပဲခူးတိုင်းဒေသကြီး

(အနောက်)

သဲကုန်း အိတ်ချိန်း ၀၆-၀၂-၂၀၂၀ ၀၅၃-၆၂xxx ၀၅၃-၂၀၆၂xxx
မကွေး

တိုင်းဒေသကြီး

မြိုင် အိတ်ချိန်း ၁၄-၀၂-၂၀၂၀ ၀၆၂-၄၀xxx ၀၆၂-၂၀၄၀xxx
စလင်း အိတ်ချိန်း ၁၄-၀၂-၂၀၂၀ ၀၆၃-၄၂xxx ၀၆၃-၂၀၄၂xxx
မွန်ပြည်နယ် သံဖြူဇရပ် အိတ်ချိန်း ၂၈-၀၂-၂၀၂၀ ၀၅၇-၇၉xxx ၀၅၇-၂၀၇၉xxx
နေပြည်တော်

 

ဧလာ အိတ်ချိန်း ၂၈-၀၂-၂၀၂၀ ၀၆၇-၆၀xxx ၀၆၇-၈၀၆၀xxx
သာဝတ္ထိ အိတ်ချိန်း ၂၈-၀၂-၂၀၂၀ ၀၆၇-၆၅xxx ၀၆၇-၈၀၆၅xxx
သတင်း နှင့် စာနယ်ဇင်း အိတ်ချိန်း ၂၈-၀၂-၂၀၂၀ ၀၆၇-၃၆xxx ၀၆၇-၈၀၃၆xxx
ပုဗ္ဗသီရိ အိတ်ချိန်း ၂၉-၀၂-၂၀၂၀ ၀၆၇-၅၀xxxx ၀၆၇-၄၅၀xxxx
၂၉-၀၂-၂၀၂၀ ၀၆၇-၅၁xxxx ၀၆၇-၄၅၁xxxx
၂၉-၀၂-၂၀၂၀ ၀၆၇-၅၂၀xxx ၀၆၇-၄၅၂၀xxx
ရန်ကုန်

တိုင်းဒေသကြီး

တံတား အိတ်ချိန်း ၂၉-၀၂-၂၀၂၀ ၀၅၆-၄၅xxx ၀၅၆-၂၀၄၅xxx
ဖောင်ကြီး အိတ်ချိန်း ၂၉-၀၂-၂၀၂၀ ၀၁-၆၂၆xxx ၀၁-၈၆၂၆xxx