×

နိုင်ငံရပ်ခြားသို့ ခရီးသွားလာကြမည့် MPT သုံးစွဲသူများအနေဖြင့် အံအားသင့်ဖွယ် ဒေတာနှုန်းထားဖြင့် (Data Roaming) အင်တာနက်အသုံးပြုခြင်း ပရိုမိုးရှင်း အစီအစဉ်ကို ရယူနိုင်

14 Mar 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် မတ်လ ၃ရက် မှ ၁၄ရက်နေ့) မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT က နိုင်ငံရပ်ခြားသို့ ခရီးသွားလာကြမည့် MPTသုံးစွဲသူများအတွက် ရောက်ရှိရာဒေသတွင် အင်တာနက် အသုံးပြုခြင်း (International Data Roaming) ကို အထူးအစီအစဉ်အနေဖြင့် သုံးစွဲနိုင်မည် ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။ ယခုအစီအစဉ်အသစ်တွင် MPT သုံးစွဲသူများအနေဖြင့် နိုင်ငံရပ်ခြားသို့ ခရီးသွားလာနေစဉ်တစ်လျောက် မိမိတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများထံသို့ အွန်လိုင်းမှ တစ်ဆင့် အစဉ်ချိတ်ဆက်နိုင်မည် ဖြစ်ပြီး အသက်သာဆုံး အထူးနှုန်းထားတစ်ခုဖြစ်သော ၉၉ ရာခိုင်နှုန်းထိ လျော့ဈေးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

၎င်းအစီအစဉ်အသစ်တွင် ထိုင်း ၊ မလေးရှား ၊ စင်္ကာပူ ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့အပါအဝင် ၊ ဟောင်ကောင်၊ မကာအို၊ တိုင်ဝမ် တို့အထိ နိုင်ငံပေါင်း ၉ နိုင်ငံတွင်အင်တာနက် အသုံးပြုခြင်းကို သုံးစွဲမှုအတိုင်းသာ ကျသင့်မည့်အစီအစဉ်ဖြစ်သည့် 1MBလျှင်၁၅ကျပ်နှုန်းထားဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့အပြင် အပတ်စဉ်သုံး ပက်ကေ့ချ် အစီအစဉ်ဖြစ်သည့် တစ်ပတ်လျှင် ၉၀၀ ကျပ်သာ ကျသင့်မည့်အစီအစဉ်ကို ဝယ်ယူခြင်းဖြင့်လည်း 1MB ကို ၉ ကျပ် နှုန်းဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ။ ဝန်ဆောင် မှုအတွက်အသေးစိတ် အချက်အလက်များကို http://mptstaging.revotechmm.com/en/mobile-service/international-roaming-en/တွင်လည်း ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။
ယခုဝန်ဆောင်မှုကို MPT GSM/WCDMA အသုံးပြုသူများအားလုံး ရယူနိုင်မည်ဖြစ်ပြီး 1MB လျှင် ၉ ကျပ် ကျသင့်သော အစီအစဉ်ကို ရယူရန် မြန်မာနိုင်ငံတွင်ဖြစ်စေ နိုင်ငံရပ်ခြားတွင်ဖြစ်စေ *9007# (သို့) *106*2*5*2# (သို့မဟုတ်) 1332 သို့ “ NINE” ဟု ခေါ်ဆိုပေးပို့နိုင်မည်ဖြစ်ပါသည်။ ယခု ပက်ကေ့ချ် အစီအစဥအတွက် ၉၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး ၇ ရက် အသုံးပြုနိင်မည်။ ထို့အပြင် ၎င်းဝန်ဆောင်မှုကို MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့်လည်း ရယူနိုင်မည် ဖြစ်သည်။ဖြစ်သည်။
အောက်ဖော်ပြပါအထူးနှုန်းထားများကို မိမိတို့သွားရောက်သည့်နိုင်ငံအလိုက် ရရှိနိုင်မည်ဖြစ်သည်။

ကမ္ဘာအနှံ့ရှိ နိုင်ငံပေါင်း ၆ နိုင်ငံတွင် ရရှိနိုင်သည့် သုံးစွဲမှုအတိုင်းကျသင့်မည့်အစီအစဉ် ကိုလည်း အောက်တွင်ဖော်ပြထားပါသည်။

MPT-KSGM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Reizo Umeda က “ ကျွန်တော် တို့ MPT အနေနဲ့ ပရိုမိုးရှင်းအစီအစဉ်သစ်တွေ မိတ်ဆက်ခါနီး အချိန်တိုင်းမှာ စိတ်လှုပ်ရှားပျော်ရွင်ရပါတယ်။ အခုတစ်ခါမှာတော့အာရှ၊ ပစိဖိတ်ဒေသ နိုင်ငံတွေအထိသွားရောက် လည်ပတ်ကြမယ့်MPTသုံးစွဲသူတွေအတွက် ရေက်ရှိနေတဲ့နိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာတွေ ပြောင်းလဲ အသုံးပြုစရာမလိုဘဲ မူလနှုန်းထားထက် ၉၉ ရာခိုင်နှုန်းအထိလျှော့ချပေးထားတဲ့ ဒီအထူးအစီအစဉ်သစ်အဖြစ် 1MBကို ၁၅ကျပ် နဲ့ အသုံးပြုနိုင်သလို အနောက်နိုင်ငံတွေကို သွားရောက်လည်ပတ်ကြမယ့် သုံးစွဲသူတွေအနေနဲ့လည်း 1MBကို ၅၀ကျပ်နဲ့ အပိုဆောင်းအခကြေးငွေ ထပ်မံပေးသွင်းစရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကြောင့် MPTသုံးစွဲသူတွေက မိမိတို့ရဲ့MPT ဆင်းမ်ကတ်ကိုပဲသုံးပြီးအတန်ဆုံးဈေးနှုန်းနဲ့ မြန်မာပြည်ကကိုယ်ချစ်ရတဲ့ သူတွေဆီကို အဆက်အသွယ်မပြတ် ချိတ်ဆက်လို့ရနေပါပြီ။ ကျွန်တော်တို့ MPT အနေနဲ့ သုံးစွဲသူတွေ လိုအပ်နေတဲ့ အရာအပေါ် အမြဲစဉ်းစား ဖြည့်ဆည်းပေးနေတာဖြစ်လို့ ဒီအစီအစဉ်သစ်ကိုလည်း ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ထားပါတယ်” ဟုပြောကြားခဲ့သည်။

MPT အနေဖြင့် သုံးစွဲသူ ပြည်သူများအတွက် လိုအပ်ချက်နှင့် တိုက်ရိုက်ကိုက်ညီသောအကောင်းဆုံး ဝန်ဆောင်မှုများ ကို အမြဲတစေ ဆောင်ရွက်ပေးလျက်ရှိပါသည်။ နွေရာသီကျောင်းပိတ်ရက်များနှင့် သြင်္ကန်နှစ်သစ်ကူူးနှင့် အားလပ်ရက် များအတွင်း နိုင်ငံရပ်ခြားသို့ သွားရောက် လည်ပတ် ကြသူများ အတွက်လည်း ယခု အသစ်မိတ်ဆက်လိုက်သည့် roaming ပက်ကေ့ချ်ဖြင့် မိမိ၏ မိသားစုနှင့် မိတ်ဆွေများအား ဆက်သွယ်နိုင်ရန် အထောက်အပံ့ပေးသော ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။

ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT၏ Call Centre နံပါတ် ၁၀၆သို့ ခေါ်ဆိုခြင်းသို့မဟုတ် MPT၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm၊သို့မဟုတ် တရားဝင် facebookစာမျက်နှာ https://www.facebook.com/mptofficialpage ကိုဆက်သွယ်၍မေးမြန်းနိုင်ပါသည်။