MPT Myanmar | Moving Myanmar Forward 4G Launch MM - MPT Myanmar | Moving Myanmar Forward
×

အထူးအမြန်နှုန်းရဲ့ခံစားချက်

MPT ၏ ပိုမိုမြန်ဆန်သော အရည်အသွေးမြင့် LTE+ ကွန်ရက်ကိုအသုံးပြုပြီး ထူးခြားမှုကိုခံစားကြည့်လိုက်ပါ။ 3G ကွန်ရက်ထက်ပိုမြန်ပေမယ့် ဝန်ဆောင်ခပိုပေးစရာမလိုပါ။

Website တွေဝင်ကြည့်တဲ့အခါ ယခင်ကထက်ပိုမြန်ပြီး High Definition ဗီဒီယိုတွေကြည့်တာ၊ video ဖုန်းခေါ်တာ၊ အွန်လိုင်းဂိမ်းကစားတာ၊ download ဆွဲတာ နဲ့ ဓာတ်ပုံတင်တာတွေကို လိုင်းအပြတ်အတောက်မရှိ၊ ရပ်တန့်သွားတာမျိုး မကြုံရဘဲ အဆင်ပြေပြေဆောင်ရွက်နိုင်ပါလိမ့်မည်။

HD video streaming

Video calling

Online gaming

Downloading

MPT LTE+ ကိုအသုံးပြုရန်

(MPT LTE+ ကွန်ရက်ကိုအသုံးပြုရန်အတွက် MPT SIM card ကို slot 1 မှာထည့်သွင်းအသုံးပြုရန်နှင့် Shal Pyaw သို့မဟုတ် Swe Thahar သို့မဟုတ် Shwe Zagar အစီအစဉ်များကို ဝင်ထားရန်လိုအပ်ပါသည်။)

အမြန်ဆုံး 4G အင်တာနက်အမြန်နှုန်းကိုခံစားရအောင် မိမိ Sim card ကိုပြောင်းလိုက်ရအောင်။ ၁,၀၀၀ ကျပ်ဖြည့်တာနဲ့ နောက်ထပ်အပိုလက်ဆောင်တွေလဲထပ်ရဦးမှာနော်။

အမျိုးအစား ငွေဖြည့်သွင်းရမည့်ပမာဏ [ကျပ်]
ဒေတာအပိုလက်ဆောင် [MB] အသုံးပြုနိုင်သည့်သက်တမ်း [ရက်]
4G SIM Swap Bonus ၅၀၀  

 

၃၀

၁၀၀၀ ၁၀၀
၃၀၀၀ ၃၀၀
၅၀၀၀ ၅၀၀
၁၀၀၀၀ ၁၀၀၀

စည်းကမ်းသတ်မှတ်ချက်များ
– USIM sim card ပြောင်းလဲပြီးနောက် အနည်းဆုံး ၁၀၀၀ကျပ်မှ စတင်၍ (၇)ရက်အတွင်း ငွေဖြည့်ရန်လိုအပ်ပါသည်။
– USIM sim card မှ နောက်ထပ် USIM sim card သို့ ပြောင်းလဲပါက အထက်ပါ ဒေတာလက်ဆောင်ကို ရရှိနိုင်မည်မဟုတ်ပါ။
– ဒေတာလက်ဆောင်၏ သက်တမ်းကာလ မှာ (၃၀) ရက်ဖြစ်ပါသည်။

ဒေတာလက်ဆောင် ရရှိနိုင်သူများ
– USIM မဟုတ်သော MPT သုံးစွဲသူများအားလုံး

သင်၏ SIM card နှင့် ဟန်းဆက်ကို LTE+ အသုံးပြု၍ ရမရစစ်ရန်

*106*5# ကိုဖုန်းခေါ်ဆိုပြီး သင်၏ SIM card LTE+ SIM (USIM) ဖြစ်မဖြစ်ကို စစ်ကြည့်ပါ။

သင်၏ SIM card USIM မဖြစ်သေးပါက သင့်ကဒ်အဟောင်းကို နီးစပ်ရာ MPT ဆိုင်များတွင် အခမဲ့လဲလှယ်နိုင်ပါပြီ။
SIM card လဲနိုင်သော MPT ဆိုင်များကို ဤလင့်တွင်(http://bit.ly/2juQZ3O)  ကြည့်ရှုနိုင်ပါသည်။

သင်၏လက်ကိုင်ဖုန်း "LTE+ စနစ်သုံးဟန်းဆက်" ဟုတ်မဟုတ်စစ်ကြည့်ပါ။

သင့်လက်ကိုင်ဖုန်း Settings မှ More Network> Mobile Network> Network Mode သို့ဝင်၍ LTE (သို့) 4G ကို ရွေးချယ်ပါ။
LTE (သို့) 4G ဟုရွေးချယ်ရန်ပါရှိလျှင် LTE+ စနစ်သုံးဟန်းဆက်ဖြစ်ပါသည်။
(* ဖုန်းSettingသည် လက်ကိုင်ဖုန်းအမျိုးအစားပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါသည်။)

MPT LTE+ ဝန်ဆောင်မှုရရှိနိုင်သောနေရာများ

MPT ၏ LTE+ ဝန်ဆောင်မှုကို ပြည်နယ်နှင့်တိုင်းဒေသအသီးသီးရှိ မြို့ကြီးများတွင် အသုံးပြုနိုင်ပါပြီ။ လက်ရှိတွင်နိုင်ငံတစ်ဝန်းရှိ မြို့ကြီး (၃၂)မြို့နယ်၊ မြို့နယ်ပေါင်း (၈၂)မြို့နယ်တွင MPT ၏ LTE+ ကွန်ရက် ကိုချိတ်ဆက်ပြီး မြန်မာနိုင်ငံ၏ အမြင့်ဆုံးအမြန်နှုန်းဖြင့် အင်တာနက်ကိုအသုံးပြုနိုင်ပါပြီ။ ၂၀၁၈ ခုနှစ်အတွင်း ထပ်မံတိုးချဲ့သွားမည့် မြို့နယ်များကိုလည်း ဆက်လက်ကြေငြာပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးပါဦး။

MPT ၏ ဈေးနှုန်းချိုသာသော ပထမဆုံး LTE+ Device

please find detailed information here – http://mptstaging.revotechmm.com/mm/m50a-4g-5-quad-core-sim-mm/

MPT LTE+ User Guide

လူကြီးမင်းတို့ရဲ့ MPT ဆင်းမ်ကတ် က LTE+ အသုံးပြုလို့ရတယ်ဆိုရင် LTE+ ကို ဖုန်းထဲက Setting ထဲမှာ ဘယ်လိုစစ်ဆေးရယူကြမလဲ? တကယ်လို့ သူငယ်ချင်းတို့ရဲ့ MPT ဆင်းမ်ကတ် က LTE+ သုံးလို့မရဘူးဆိုရင် LTE+ သုံးလို့ရတဲ့ ဆင်းမ်ကတ်ကို ဘယ်မှာလဲယူနိုင်မလဲ? ဒီအချက်လေးတွေကို သိချင်တယ်ဆိုရင်တော့ Video လေးမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ ပြီးရင် မြန်ဆန်မှုများထဲက ပိုမိုအလျင်မြန်ဆုံး LTE+ နဲ့ ချိတ်ဆက်ဖို့ကိုလည်း မမေ့ကြနဲ့နော်။

Other Data Promotions


Lucky Data

အင်တာနက်ကို အပူအပင်မရှိဈေးသက်သက်သာသာသုံးနိုင်ဖို့ Data Carry ပတ်ကေ့ချ် ရောက်လာပါပြီ။


Mobile Legends

Mobile Legends ဂိမ်း ဝါသနာရှင်တို့အတွက် အစီအစဉ်တစ်ခုကို MPT မှ မိတ်ဆက်ပေးလိုက်ပါပြီ။


JOOX

MPT brings to you the first ever data pack in Myanmar with a combination of JOOX data.....

Frequently Asked Questions

၁။ LTE ဆိုတာ ဘာပါလဲ။

LTE+ ဆိုသည်မှာ 3G ထက်၁၀ဆအထိ ပိုမိုမြန်ဆန်တဲ့ အင်တာနက် အမြန်နှုန်းကိုပေး စွမ်းနိုင်သော မိုဘိုင်းဖုန်းဆက်သွယ်မှု နည်းပညာအသစ်ဖြစ််ပါတယ်။ LTE+ ဖြင့် လက်ကိုင်ဖုန်းနှင့်အခြားသော မိုဘိုင်းစက်ပစ္စည်း များပေါ်မှာ အင်တာနက်အသုံးပြုသည့်အခါ ယခင်ထက်ပိုမိုမြန်ဆန်သော အမြန်နှုန်းကို ခံစားနိုင်မှာဖြစ်ပါသည်။

၂။ MPT ၏ LTE+ ကဘာတွေအားသာချက်ရှိပါသလဲ။

LTE+ က လက်ရှိ 3G ထက် အလွန်မြန်ဆန်သည့်အတွက် သုံးစွဲသူတွေ မိုဘိုင်းဖုန်းမှတဆင့် ဝက်ဘ်ဆိုဒ်တွေ ဝင်ရောက်ကြည့်ရှုသည့်အခါ၊ video ဖုန်းခေါ်ဆိုသည့်အခါ၊ အရည်အသွေးမြင့် မိုဘိုင်းတီဗွီ၊ video နှင့် youtube များကြည့်သည့်အခါ၊ အွန်လိုင်းဂိမ်းအကြီး စားများဆော့ကစားသည့်အခါ၊ နှင့် အခြားအခြားသော အွန်လိုင်းမှ ဝန်ဆောင်မှုတွေရ ယူတဲ့အခါမှာ အထစ်အငေါ့မရှိ၊ အပြတ်အတောက်မရှိ ချောမွေ့သောအွန်လိုင်းအတွေ့အကြုံကိုခံစားနိုင်ပါလိမ့်မည်။

၃။ LTE+ ဝန်ဆောင်မှုကိုအသုံးပြုရန်အတွက် ငွေအပို ပေးဆောင်စရာလိုပါသလား။

LTE+ ဝန်ဆောင်မှုကိုအသုံးပြုရန်အတွက် ငွေအပိုပေးဆောင်ရန်မလိုအပ်ပါ။ သုံးစွဲသူများအနေဖြင့် ယခုအသုံးပြုနေသော2G/3G နှုန်းထားအတိုင်း ပိုမိုမြန်ဆန်သော LTE+ ကွန်ရက်ကိုအသုံးပြုနိုင် မှာဖြစ်ပါသည်။ ဈေးနှုန်းအတူတူ ဒေတာပမာဏအတူတူဖြင့် လက်ရှိ MPT ၏ data packages များကို ဝယ်ယူပြီး မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို အသုံးပြုနိုင်မှာဖြစ်ပါသည်။

၄။ LTE+ ကိုမည်သည့် နေရာများတွင် အသုံးပြုနိုင်ပါသလဲ။

၂၀၁၇ ခုနှစ်အတွင်း LTE+ ကွန်ရက်တိုးချဲ့ဖြန့်ကျက်မှုဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် LTE+ ကိုချိတ်ဆက် အသုံးပြုနိုင်ပြီဖြစ်ပါသည်။ မြို့ကြီး (၃၂)မြို့၊ မြို့နယ်ပေါင်း (၈၂)မြို့နယ်တွင် LTE+ ဝန်ဆောင်မှုကိုတိုးချဲ့ပေးထားပါတယ်။

အမေးအဖြေများ