×

PRESS RELEASES


MPT က MNL ၊ MFF ၊ အခြေခံပညာဦးစီးဌာန နှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ 2019 လူငယ်ဘောလုံးပွဲတော် နှင့် U-14 ဘောလုံး ပြိုင်ပွဲများကို စတင်ကျင်းပ

10 Jul 2019
(ရန်ကုန် - ၃ ဇူလိုင် ၂၀၁၉) ပညာရေးဌာန နှင့် အထင်ကရ အားကစား အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖြစ် ပူးပေါင်း၍ လူငယ်များအကြား ဘောလုံးအားကစားနည်းကို ပိုမိုနှစ်ခြိုက်လာစေရန်နှင့် ဘောလုံးအားကစားကို မြန်မာပြည်သူများအကြားတွင် အမျိုးသားအားကစားအဖြစ် လက်ဆင့်ကမ်း မျှဝေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ပထမဦးဆုံး နှင့် ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT အနေဖြင့် Myanmar National League (MNL)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ အခြေခံပညာဦးစီးဌာန နှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ MFF-MPT Grassroots Football Festival 2019 နှင့် MPT U-14 Football Tournament 2019 တို့၏ ဖွင့်ပွဲကို မန္တလာသီရိ အားကစားကွင်းတွင် ယနေ့ကျင်းပခဲ့ပါသည်။ MPT မှ အကြီးတန်း အရာရှိများနှင့် ဝန်ထမ်းများ၊ အစိုးရအရာရှိကြီးများ၊ ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်းကူညီကြသူများက အဆိုပါဖွင့်ပွဲသို့ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ မြန်မာ...