×

PRESS RELEASES


ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

29 Nov 2019
(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအသုံးပြု နေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များ ဖြင့် ပြောင်းလဲတပ်ဆင်ပေးသွားမည် ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ မြောက်ဒဂုံအိတ်ချိန်း နှင့် အရှေ့ဒဂုံအိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များ အောက်ပါအတိုင်းပြောင်းလဲသွားမည် ဖြစ်ပါသည်။ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ၂၀၂၀ ခုနှစ် မတ်လကုန်အထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ...