×

MPT က “ဆုတွေထူးရှယ် ၂၀၂၀” ကံစမ်းမဲ အစီအစဥ် ကို ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ

23 Jan 2020

(ရန်ကုန်၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်) MPT ကို အစဉ်တစိုက်အသုံးပြုလာခဲ့သည့် သုံးစွဲသူများအတွက် ပြန်လည်ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဆောင်ရွက်ခဲ့သည့် “ဆုတွေထူးရှယ် ၂၀၂၀ ကံစမ်းမဲ အထူးအစီအစဉ်မှ တစ်ဆင့် အကြီးမားဆုံးနှင့် အကောင်းဆုံးသောဆုများကို ပေးအပ်ခဲ့ပြီး ထပ်မံပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော ဆုများကို ပေးအပ်ရန် စိတ်အားထက်သန်လျက်ရှိရာ MPT က “ဆုတွေထူးရှယ် ၂၀၂၀ကံစမ်းမဲ အထူးအစီအစဉ်ကို ၂၀၂၀ ခုနစ်၊ ဇန်နဝါရီလ (၂၄) ရက်မှ ဖေဖော်ဝါရီလ (၂၉) ရက်အထိ ထပ်မံ၍ ပြန်လည်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန် လိုက်သည်။

MPT ၏ ကြိုတင်ငွေဖြည့်စနစ်သုံး GSM/WCDMA သုံးစွဲသူများအနေဖြင့် ကျပ် ၁,၀၀၀ နှင့်အထက် ဖုန်းဘေလ်ဖြည့်သွင်းတိုင်း အဆိုပါ ထပ်မံပြုလုပ်မည့် ““ဆုတွေထူးရှယ် ၂၀၂၀”” ကံစမ်းမဲအစီအစဉ်သစ်တွင် ပါဝင်ခွင့်ရနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ဖုန်းငွေဖြည့်သွင်းသည့် ပမာဏများလေလေ ကံစမ်းမဲအစီစဉ်တွင် ကံစမ်းနိုင်ခွင့် အကြိမ်ရေ ပိုမိုရရှိမည်ဖြစ်သည်။

အထူးဆုဖြစ်သည့် အသစ်စက်စက် TOYOTA Rush ကား (၂) စီးနှင့် အပတ်စဉ်ဆုများကို ကံစမ်းခွင့်ရရှိရန်အတွက် ဖုန်းငွေဖြည့်သွင်းပြီးနောက် *224# အားနှိပ်၍ ကံစမ်းနိုင်ခွင့် အကြိမ်ရေအတွက်ကို ကံစမ်းမဲကာလအတွင်း စစ်ဆေးနိုင်ပါသည်။ အဆိုပါဆုများအပြင် MPT4U application မှတစ်ဆင့် ပက်ကေ့ချ် များကို ဝယ်ခြင်းဖြင့် သုံးစွဲသူများသည် 20GB နှင့်အထက်ရှိသည့် ဒေတာဆုအရေအတွက် ၂,၀၀၀ နှင့် အခြား ဒေတာ (GB) ပမာဏများစွာကိုလည်း ထိပေါက် တွင် ကံစမ်းနိုင်ခွင့် ရရှိမည်ဖြစ်သည်။

ကံထူးနိုင်မည့်ဆုများ အရေအတွက်
TOYOTA Rush ကားသစ် (အထူးဆု) ၂ စီး
၂ ကျပ်သားရွှေပြားဆု (အပတ်စဥ်ဆု) ၆ ဆု
မြန်မာကျပ်ငွေ သိန်း ( ၂၀ ) (အပတ်စဥ်ဆု) ၆ ဆု
၁ နှစ်တာသက်တမ်းရှိ တစ်ပတ်လျှင် 20 GB အင်တာနက် ဒေတာအသုံးပြုနိုင်မည့်ဆု (အပတ်စဥ်ဆု) ၆ ဆု

 

 

MPT က ဆုတွေထူးရှယ် ၂၀၂၀  ကံစမ်းမဲအစီအစဉ်ကို  ထပ်မံပြီး မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် တကယ့်ကိုပဲဝမ်းမြောက်မိပါတယ်။ ဒီကနေ့မှာဆိုရင် ပထမအကြိမ်မှာ ဆုတွေထူးရှယ် ၂၀၂၀  ရဲ့ အထူးဆုဖြစ်တဲ့ TOYOTA Rush ကားအသစ် (၂) စီး ကံထူးရှင်တွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။ ဆုလက်ဆောင်တွေကလည်း အရင်ကထက် ပိုပြီးများပြားကောင်းမွန်လာတဲ့အပြင် ကံစမ်းမဲအစီအစဉ် မှာ ပါဝင်ဖို့လည်း ပိုမိုလွယ်ကူလာပါပြီ။ MPT ကိုအသုံးပြုနေကြတဲ့သူတွေအတွက် အားပေးမှုကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီလို ကံစမ်းမဲ အစီအစဥ်တွေကို ဆောင်ရွက်ပေး နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ယခု ထပ်မံပြုလုပ်မယ့် ဆုတွေထူးရှယ် ၂၀၂၀ ကံစမ်းမဲ အထူးအစီအစဉ်မှာလည်း ဆက်လက်ပြီး ပါ၀င်ကံထူးနိုင်ကြပါစေ” ဟု MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့သည်။

ထပ်မံပြုလုပ်သွားမည့် “ဆုတွေထူးရှယ် ၂၀၂၀” ကံစမ်းမဲ အထူးအစီအစဥ်၏ အပတ်စဉ်ဆု ကံထူးရှင်များကို ၂၀၂၀ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်မှစတင်၍ အပတ်စဉ် သောကြာနေ့တိုင်းတွင် MPT က ဖုန်းခေါ်ဆိုကာ အသိပေးသွားမည်ဖြစ်ပြီး  MPT ၏ တရားဝင် Facebook စာမျက်နှာမှတစ်ဆင့်လည်း စနေနေ့တိုင်းတွင် ကြေညာပေးသွားမည် ဖြစ်သည်။ အထူးဆု ကံထူးသူများကို ၂၀၂၀ ခုနှစ်၊ မတ်လတွင် ထပ်မံ ကြေညာသွားမည် ဖြစ်သည်။

MPT ၏ “ဆုတွေထူးရှယ် ၂၀၂၀” ကံစမ်းမဲအစီအစဥ်နှင့် အခြားဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆို၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် website ဖြစ်သည့် www.mpt.com.mm ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင် ပါသည်။