×

MPT က ၆ ကြိမ်မြောက် ဂျပန် မြန်မာ ပွဲတော် ၂၀၂၀ ကို ပံ့ပိုးကူညီ

06 Feb 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်)- ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၉ ရက်တွင် Thuwunnabhumi Event Park ၌ ကျင်းပပြုလုပ်မည့် ၆ ကြမ်မြောက် ဂျပန် မြန်မာပွဲတော် ၂၀၂၀ ဖြစ်မြောက်ရေးအတွက် MPT က ယခုနှစ်တွင်လည်း ဆက်လက် ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်းသတင်းထုတ်ပြန်လိုက်သည်။

၂၀၁၄ ခုနှစ်ကတည်းက ကျင်းပဆောင်ရွက်ခဲ့သည့် ဂျပန် မြန်မာပွဲတော်သည် ဂျပန် မြန်မာ (၂) နိုင်ငံ ချစ်ကြည်ရေး အတွက် ယဥ်ကျေးမှုဖလှယ်သည့် ပွဲတော် တစ်ခုဖြစ်သည်။ “ဂျပန်-မြန်မာ တောက်ပတဲ့ အနာဂတ်ဆီသို့”ဟူသည့် ခေါင်းစဉ်အောက်တွင် ကျင်းပမည့် ၆ ကြိမ်မြောက် အခမ်းအနားမှာ ဂျပန်သံရုံး ၊ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (မြန်မာ)၊ Yangon Japanese Association ၊ JIB ၊ NEP နှင့် Dream Vision Company တို့၏ လက်တွဲဆောင်ရွက်မှု ဖြစ်ပြီး တက်ရောက်လာကြသည့် ပရိသတ်များကို ဂျပန်အစားအစာများ၊ ဂျပန်ထုတ်ကုန် နှင့် ဂျပန်၊မြန်မာ အနုပညာရှင်များ၏ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုများပါ၀င်သော ဂျပန်-မြန်မာပြန်ပွဲတော်ကို အခမ်းအနားနှင့်အတူ ပူးပေါင်းတင်ဆက်ရင်း ယခု ၂၀၂၀ ခုနှစ်တွင်လည်း နောက်ထပ် အောင်မြင်မှုများ ရရှိရန်မျှော်မှန်းထားပါသည်။

ယခုနှစ် ဂျပန် မြန်မာ ပွဲတော်တွင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ထိပ်တန်းအနုပညာရှင်များက ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ပြီး ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ကုမွဏီများ၊ စားသောက်ဆိုင်များမှ ၎င်းတို့၏ ကျွမ်းကျင်မှုများကို မိတ်ဆက်ခြင်းများလည်း ပါဝင်မည် ဖြစ်သည်။ ထိပ်တန်းအနုပညာရှင်များဖြစ်သည့် ပြည်တွင်းမှ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ ဆိုဖီယာအဲဗားရက်စ် နှင့် Project K တို့ ပါဝင်ဖျော်ဖြေမည် ဖြစ်ပြီး ဂျပန်နိုင်ငံမှ အနုပညာရှင် Hirahara Ayaka နှင့် Morisaki Win တို့က “တကယ်လို့” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မည် ဖြစ်သည့်အပြင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၉ ရက်၌ MNTV ရုပ်သံလိုင်းတွင်လည်း ညနေ ၇ နာရီမှစတင်၍ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

“ကျွန်တော်တို့ ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုနဲ့ အလှတရားတွေကို မြန်မာပြည်သူတွေထံကို တင်ဆက်ပြသခွင့်ရမှာဖြစ်တဲ့အတွက် အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်။ MPT သုံးစွဲသူအားလုံးအနေနဲ့ ဒီပွဲတော်ကို အခမဲ့ လာရောက်ပြီး ဂျပန်နိုင်ငံရဲ့ အတွေ့အကြုံတွေ၊ ဂျပန်၊ မြန်မာ နှစ်နိုင်ငံရဲ့ ယဥ်ကျေးမှုတွေ၊ နာမည်ကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို တွေ့ကြုံခံစားနိုင်စေဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနမှ အရာရှိချုပ်ဖြစ်သူ Mr. Koichi Kasuya က ပြောကြားသည်။

ယဥ်ကျေးမှု ဖလှယ်မှု တစ်စိတ်တစ်ပိုင်း အဖြစ် ပွဲတော်သို့လာရောက်မည့် ပရိသတ်များအနေဖြင့် ဂျပန်လူမျိုးများ၏ အစားအသောက်များ၊ ဖျော်ဖြေတင်ဆက်မှုများနှင့် ဂျပန်လူမျိုးများ၏ ရိုးရာ၊ ဓလေ့နှင့် ထုံးထမ်းအစဥ်အလာများ၊ ယဉ်ကျေးမှုများ နှင့် MPT Money ၀န်ဆောင်မှုများ၊ MPT ရဲ့ အရောင်းမြှင့်တင်ရေး နဲ့ပျော်ရွှင်စရာ ဂိမ်း အစီအစဉ်တွေလည်းပါဝင်တဲ့ အပြင် အလန်းစား ဖျော်ဖြေရေး အစီအစဉ်များ ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၉ ရက် Thuwunnabhumi Event Park ၌ နေ့လည် ၁၂ နာရီမှ ည ၁၀ နာရီအထိ အများပြည်သူများ အခမဲ့ လာရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
ဂျပန် မြန်မာ ပွဲတော်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက https://www.facebook.com/JapanMyanmarPweTaw/ သို့ ဝင်ရောက်၍ လေ့လာနိုင်ပါသည်။