×

MPT က Information Matrix Co., Ltd နှင့် ပူးပေါင်း၍ နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် 7Day News Digital စာရင်းသွင်းဝန်ဆောင်မှု အသစ်ကိုစတင်မိတ်ဆက်

31 Jan 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၁ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့်ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ထိပ်တန်းသတင်းမီဒီယာထုတ်‌ဝေရေးဖြစ်သည့် Information Matrix Co., Ltd နှင့် ပူးပေါင်း၍ ဒီဂျစ်တယ်စာရင်းသွင်းဝန်ဆောင်မှုမှတစ်ဆင့် MPT သုံးစွဲသူများအတွက် အကောင်းဆုံး သတင်းဖန်တီးရေးသားမှုအတတ်ပညာဖြင့် ဖော်ပြထားသည့် သတင်းအချက်အလက်များကို ပေးအပ်နိုင်ရန် 7Day News က စျေးကွက်အတွင်းသို့ ပထမဆုံး မိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။

7Day News Digital ဝန်ဆောင်မှုသည် စာရင်းသွင်းခြင်းဝန်ဆောင်မှုကို အခြေခံကာ ဆန်းသစ်တီထွင် ထားသည့် ပလက်ဖောင်း တစ်ခုဖြစ်ပြီး MPT သုံးစွဲသူများအနေဖြင့် သတင်းများကို အဆင်ပြေလွယ်ကူစွာ ရယူနိုင်မည် ဖြစ်သည်။ ဝန်ဆောင်မှုကို စာရင်းသွင်းရယူပြီးနောက် MPT သုံးစွဲသူများအနေဖြင့် အဆိုပါဝန်ဆောင်မှုကို စျေးနှုန်းသက်သာစွာဖြင့်  တစ်ရက်လျှင် ၉၉ ကျပ်၊ တစ်ပတ်လျှင် ၅၉၉ ကျပ် ဖြင့် သတ်မှတ်ထားသော ဝက်ဘ်ဆိုက် (သို့မဟုတ်) မိုဘိုင်းလ်အက်ပလီကေးရှင်းတွင် ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် MPT သုံးစွဲသူများသည်  7Day News တိုက်ရိုက်သတင်းထုတ်လွှင့်မှုများ နှင့် ဒီဂျစ်တယ် အသံဖိုင်များကို ကြည့်ရှုနိုင်မည်ဖြစ်သည့်အပြင် အီးမေးလ်နှင့် SMS မှ တစ်ဆင့် အချိန်နှင့်တစ်ပြေးညီ သတင်းများပေးပို့သည့် ဝန်ဆောင်မှုနှင့်ကိုလည်းရရှိနိုင်မည် ဖြစ်သည်။

7Day News သည် ထင်ရှားသော သတင်းမီဒီယာတစ်ခုအနေဖြင့် နောက်ဆုံးရသတင်းများ အထူးသုံးသပ်ချက်များပါဝင်သည့် အယ်ဒီတာအာဘော်များ၊ သေချာစွာစုံစမ်းထုတ်ဖော်ရေးသားထားသည့် သတင်းများ၊ သတင်းတိုက်ရိုက် ထုတ်လွှင့်မှုများ၊ ဒီဂျစ်တယ်၊ မိုဘိုင်းလ်နှင့် လူမူကွန်ရက်ပလက်ဖောင်း မှတစ်ဆင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုများနှင့် Talk Show များဖြင့် သတင်းအချက်အလက်များကို မြန်မာနှင့်ကမ္ဘာတစ်လွှားမှ စာဖတ်သူများအား အသိပညာပေး ထိတွေ့စေနိုင်မည်ဖြစ်ပြီး ပြီးပြည့်စုံစွာသိရှိနိုင်ခွင့်ကို ပေးအပ်လျက်ရှိနေပါသည်။ ထို့ကြောင့် 7Day News ဒီဂျစ်တယ် စာရင်းသွင်းဝန်ဆောင်မှုအား ရယူသုံးစွဲသည့် MPT သုံးစွဲသူများသည် တိကျသေချာသော အချက်အလက်များဖြင့် ဖန်တီးရေးသားထားသည့် ပြည်တွင်းသတင်းများ၊ နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ၊ ဖျော်ဖြေရေးနှင့် အားကစားသတင်းများကို ရယူနိုင်မည်ဖြစ်ပါသည်။

“MPT အနေနဲ့ လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ လိုက်လျောညီထွေရှိမယ့် အရည်အသွေးမြင့် ဝန်ဆောင်မှုတွေ ကို အမျိုးမျိုးပေးအပ်ခြင်းအားဖြင့်  မြန်မာပြည်သူတွေရဲ့ဒီဂျစ်တယ်လူနေမှုဘဝကို ထောက်ပံ့ပေးနိုင်ဖို့ နဲ့ ကြွယ်ဝပြည့်စုံစေဖို့ ကတိကဝတ်ပြုထားပါတယ်။ သတင်းတွေဟာ ဒီဂျစ်တယ်ကမ္ဘာကြီးထဲက လူတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝအတွက် အရမ်းအရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမီဒီယာတစ်ခုကနေ လွယ်ကူ အဆင်ပြေတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ထားတဲ့ ဒီဝန်ဆောင်မှုကနေတစ်ဆင့်ကျွန်တော်တို့ သုံးစွဲသူတွေရဲ့ ဘဝကို ပိုမိုကောင်းမွန်စေပြီး 7Day News Digitalစာရင်းသွင်း ဝန်ဆောင်မှုကနေ သူတို့လိုချင်တဲ့ သတင်းအချက် အလက်တွေရှာဖွေဖို့ လှုံ့ဆော်မှုပေးစွမ်းနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကပြောခဲ့သည်။

မြန်မာပြည်သူတွေရဲ့ဘဝ တိုးတက်ဖို့ရည်ရွယ်လုပ်ဆောင်နေတဲ့  MPT နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတာ ကျွန်တော်တို့အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီဝန်ဆောင်မှုဟာ ပြည်သူတွေဆီ စစ်မှန်တဲ့ သတင်းတွေသိရှိနိုင်ခွင့်ကို အားပေးမြှင့်တင်ဖို့နဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကို ပေးအပ်ခြင်းလည်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် မြန်မာနိုင်ငံနဲ့ ကမ္ဘာအနှံ့ကသန်းနဲ့ချီတဲ့ စာဖတ်ပရိတ်သတ်တွေအတွက် သတင်းဖတ်ရှုခြင်း အတွေ့အကြုံ ကောင်းတွေတိုးတက်စေနိုင်မယ့် စိတ်လှုပ်ရှားဖွယ် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်” ဟု 7Day News ထုတ်ဝေသူ Information Matrix Co., Ltd. ၏ အမှုဆောင်အရာရှိချုပ် ဦးသောင်းစုငြိမ်းက ပြောကြားခဲ့သည်။

သုံးစွဲသူများအနေဖြင့် 7Day News ဒီဂျစ်တယ်ဝန်ဆောင်မှုကို  https://7day.news မှတစ်ဆင့်သို့မဟုတ် Google® Play Store မှ 7Day News Mobile Application ကို ဒေါင်းလုတ်ဆွဲခြင်းဖြင့် ရယူနိုင်ပါသည်။ MPT Sim Card အသုံးပြု၍ 7Day News ဒီဂျစ်တယ်ဝန်ဆောင်မှုကို နေ့စဥ်စာရင်းသွင်း ဝန်ဆောင်မှုရယူလိုပါက “8377” ကို “ON” ဟု SMS ပေးပို့ရမည်ဖြစ်ပြီး  အပတ်စဥ်စာရင်းသွင်း ဝန်ဆောင်မှု ရယူလိုပါက “8377” ကို “WW” ဟု SMS ပေးပို့ရမည်ဖြစ်သည်။

MPT သုံးစွဲသူများသည် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်ပြီးပါက https://7day.news/mpt/guide. သို့ ဝင်ရောက်နိုင်သည်။ ထို့ပြင် MPT သုံးစွဲသူများအနေဖြင့် 7Day News ဒီဂျစ်တယ် စာရင်းသွင်းဝန်ဆောင်မှုနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက Call Centre 106 သို့မဟုတ် hotline နံပါတ် ၀၉-၂၆၃၉၃၇၄၂၃ သို့ဖုန်းခေါ်ဆိုနိုင်သည့်အပြင် https://7day.news/mpt/faq အွန်လိုင်းမှတစ်ဆင့် လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။