×

MPT နှင့် ‘တေးသံသာ’ Music App တို့ပူးပေါင်း၍ “ရွှေမိုက်ခဲ” တေးသီချင်းဆိုပြိုင်ပွဲ အသစ်ကို မိတ်ဆက်

17 Feb 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT နှင့် East Boy Co., Ltd တို့မှ ထပ်မံပူးပေါင်းကာ တေးသံရှင်အသစ်များကို ထုတ်ဖော်မြေတောင်မြှောက်ပေးပြီး အရည်အချင်းပြည့်ဝသည့်အနုပညာရှင်အဖြစ် အသက်မွေး ဝမ်းကြောင်း စတင်ပြုနိုင်ရန်ရည်ရွယ်၍ မည်သူမဆို၀င်ရောက်ယှဥ်ပြိုင်နိုင်မည့် တစ်မူထူးခြားဆန်းသစ်သည့် “ရွှေမိုက်ခဲ” အွန်လိုင်းသီချင်းဆိုပြိုင်ပွဲကြီးကို မိတ်ဆက်ခဲ့ပါသည်။ “ရွှေမိုက်ခဲ” တေးသီချင်းဆိုပြိုင်ပွဲသည် MPT နှင့် တေးသံသာ Music App တို့မှ ပူးပေါင်းဆောင်ရွက်ထားသည့် တေးသီချင်းဆိုပြိုင်ပွဲဖြစ်ပါသည်။

မြန်မာ့တေးဂီတဝါသနာရှင်များအနေဖြင့် ဖေဖော်ဝါရီလ (၂၂)ရက်မှ စတင်၍ “ရွှေမိုက်ခဲ” တေးသီချင်း ဆိုပြိုင်ပွဲကို အွန်လိုင်းမှတစ်ဆင့်ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး အကဲဖြတ်ဒိုင်များအဖြစ် ထင်ရှားကျော် ကြားသည့် တေးရေးဆရာများနှင့်တေးသံရှင်များဖြစ်ကြသည့် မြင့်မိုးအောင်၊ လီယိုနာဒ်မောင်မောင်လွင်၊ ဝေကြီး၊ ရေဗက္ကာဝင်း၊ ဂျူဝယ်တို့ က သုံးသပ်အကဲဖြတ်​ရွေးခြယ်ပေးမည်ဖြစ်သည်။ ပြိုင်ပွဲဝင်များသည် မိမိတို့ သီဆိုထားသည့် ဗွီဒီယိုရုပ်သံဖိုင်များကို ပေးပို့ ယှဥ်ပြိုင်ရမည်ဖြစ်သည်။

သီချင်းဆိုပြိုင်ပွဲကို အဆင့်သုံးဆင့်ဖြင့်ကျင်းပသွားမည်ဖြစ်ပြီး ပထမအဆင့်မှာ အွန်လိုင်း မှပေးပို့ယှဉ်ပြိုင် ရမည်ဖြစ်သည်။ Semi-final နှင့် Grand Final အား ပြင်ပတွင် On Stage Performance ဖြင့် ယှဥ်ပြိုင်ရမည်ဖြစ်ပြီး   MPT ၏ Official Facebook Page တွင် တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါသည်။ အနိုင်ရရှိသူများသည် ဆုကြေးငွေ စုစုပေါင်း မြန်မာကျပ်ငွေ သိန်း (၁၀၀) နှင့် ‘တေးသံသာ’ မှ အထူးသီးသန့်ကိုယ်ပိုင်သီချင်းတစ်ပုဒ် စီစဥ်ထုတ်လုပ်ပေးမည်ဖြစ်သည်။

ရှေးဦးစွာ “ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲတွင် ပါဝင်မည့်ပြိုင်ပွဲဝင်များသည် သတ်မှတ်ရွေးချယ်ပေးထားသော လူကြိုက်များထင်ရှားသည့် သီချင်းအပုဒ်ရေ (၄၀) အနက်မှ မိမိကြိုက်နှစ်သက်ရာ တေးသီချင်းတစ်ပုဒ်အား ရွေးချယ်သီဆိုနိုင်ပြီး အဆိုပါဗွီဒီယိုဖိုင်အား မိမိ၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်အကောင့်တွင် Hashtag (#shwemickhae #taythantharMPT) ခေါင်းစဉ်ကို ရေးသားကာ public ဖြင့် တင်ရမည်ဖြစ်သည်။ ပြိုင်ပွဲသို့ အရည်အချင်း ပြည့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပြိုင်ပွဲဝင်များသည် အဆိုပါတင်ထားသော post ၏ လင့်ခ်နှင့် အသေးစိတ် အချက်အလက်များဖြစ်သော ပြိုင်ပွဲဝင်အမည်၊ ဖုန်းနံပါတ် (MPT နံပါတ်တစ်ခုတည်းသာ) တို့အား “ရွှေမိုက်ခဲ” ‌ Facebook messenger ဖြစ်သော (m.me/shwemickhae) သို့ ပေးပို့ရမည်။

ပထမအဆင့်မှာ ပေးပို့လာသည့် video clip များကို ဒိုင်များမှ ပေးသောအမှတ်နှင့် မိမိအကောင့်တွင် တင်ထားသည့် Facebook Post မှ Like များကို အခြေခံကာ ဒုတိယအဆင့် ဆန်ခါတင်အတွက် (၁၀) ဦးကို စိစစ်ရွေးချယ်မည်ဖြစ်ပြီး၊ ဒုတိယအဆင့်မှာ ဆန်ခါတင် (၁၀)ဦးထဲကမှ (၄) ဦးကို ရွေးချယ်ကာ Grand Final အတွက်ထပ်မံသီဆိုယှဉ်ပြိုင်ရမည်ဖြစ်သည်။ တတိယအဆင့်ဖြစ်သည့် Grand Final တွင် ထို (၄)ဦးအား ယှဉ်ပြိုင်စေကာ  Winner နှင့် First Runner Up ဆု (၂) ဆုကို ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ပထမအဆင့် ယှဉ်ပြိုင်သူများထဲမှ မိမိသီဆိုထားသော သီချင်းဗွီဒီယိုဖိုင်အား “ရွှေမိုက်ခဲ” Facebook messenger သို့ ပထမဦးဆုံးပေးပို့လာသော အယောက်(၃၀) အား MPT ဖုန်းငွေဖြည့်ကတ် တစ်သောင်း ကျပ်တန်အား ပေးအပ်သွားမည် ဖြစ်ပါသည်။ ပထမအဆင့်ပြိုင်ပွဲဝင်အားလုံးသည် ကျပ် (၁၀၀,၀၀၀)တန်ဖိုး ရှိစိတ်လှုပ်ရှားဖွယ်ဆုများကိုရရှိရန်အတွက် ကံစမ်းမဲ​ဖြင့်ပါဝင့်ခွင့်ရရှိပါမည်။

အခုလို “ရွှေမိုက်ခဲ” အွန်လိုင်းသီချင်းဆိုပြိုင်ပွဲကို မိတ်ဆက်လိုက်ခြင်းဟာ MPT ရဲ့ အစဉ်အလာအတိုင်း ရေရှည်တည်တံ့နေစေမယ့် ဆန်းသစ်တီထွင်မှုတွေကို ပြည်သူတွေအကြား ဦးဆောင်ဦးရွက်ပြုပြီး မြန်မာ ပြည်သူပြည်သားတွေ အားလုံးအတွက် ဒီဂျစ်တယ်လူမှုဘဝကို ပြည့်စုံစေဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို မြန်မာပြည်ရဲ့ ဘယ်နေရာကမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အဆိုဝါသနာရှင်များအနေနဲ့ အသံစစ်ဆေး  ရွေးချယ်မှု ပထမဆုံးအဆင့်အတွက် ခရီးစရိတ်နဲ့ အခြားကုန်ကျစရိတ်တွေ ကုန်ကျမှုမရှိအောင် အွန်လိုင်း ကနေပါဝင်နိုင်ဖို့ တမင်လုပ်ဆောင်ပေးထားတာဖြစ်တယ်။ အနုပညာလောကထဲကို ထိုးဖောက်ဝင်ရောက် နိုင်အောင်လည်း သီချင်းသီဆိုမှုပိုင်းဆိုင်ရာကို ပြည်တွင်းမှာရှိတဲ့ ထိပ်တန်းအသံနည်းပြတွေက ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးမှာဖြစ်တာကြောင့် မိမိတို့ရဲ့ အရည်အချင်းနဲ့ ပါရမီကို ထုတ်ဖော်ပြသဖို့ တစ်ကြိမ်တစ်ခါသာ ရရှိနိုင်မယ့် အထူးအခွင့်အရေးပဲ ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့ပါသည်။

MPT ၏ ထုတ်ကုန်အသစ်များ နှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်သော  https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm  သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။