×

MPT ၏ ဝန်ဆောင်မှုများကို မိမိတို့ ချစ်ခင်နှစ်သက်ရသူတွေဆီသို့ လက်ဆောင်အဖြစ်ပေးပို့နိုင်မည့် “ပို့ဘီ” ဝန်ဆောင်မှုကို မိတ်ဆက်

28 Feb 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က နိုင်ငံတစ်ဝှမ်းရှိ MPT သုံးစွဲသူမိဘပြည်သူများအတွက် MPT ၏လူကြိုက်အများဆုံး အစီအစဉ်များဖြစ်သည့် New Data Carry Pack၊ ပြောပြီးရင်းပြော Voice Pack နှင့် Htaw B+ ဖုန်းဘေလ်များကို MPT အသုံးပြုသူအချင်းချင်း လက်ဆောင်အဖြစ် ပေးပို့နိုင်မည့် “ပို့ဘီ” ဝန်ဆောင်မှု အသစ်အား အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်သည်။

ချစ်ခင်နှစ်သက်သူတွေအတွက် လိုအပ်ချက်များကို အလွယ်ကူဆုံး ဖြည့်ဆည်းပေးနိုင်မည့် “ပို့ဘီ”ဝန်ဆောင်မှု အသစ်ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးတွင် အဆင်ပြေလွယ်ကူစွာ အသုံးပြုနိင်မည်ဖြစ်သည်။ MPT ၏လူကြိုက်အများဆုံး အစီအစဉ်များဖြစ်သည့် New Data Carry Pack၊ ပြောပြီးရင်းပြော Voice Pack နှင့် Htaw B+ ဖုန်းဘေလ်တို့တွင် မိမိ နှစ်သက်ရာ ဝန်ဆောင်မှုအစီအစဉ်အား ဝန်ဆောင်ခပေးစရာမလိုဘဲ မည်သည့် အချိန်တွင်မဆို အလွယ်တကူ ဝယ်ယူကာ မိမိချစ်ခင်နှစ်သက်ရသူများထံသို့ “ပို့ဘီ” ဝန်ဆောင်မှု ကတစ်ဆင့် ပေးပို့နိုင်မည်ဖြစ်သည်။ ပေးပို့မည့် ဝန်ဆောင်မှုအမျိုးအစား၏ ကျသင့်ငွေကို ပေးပို့သူ၏ လက်ကျန်ငွေမှ ပေးဆောင်ရမည်ဖြစ်ပြီး၊ လက်ခံရရှိသူသည် မိမိလက်ခံရရှိသည့် ဝန်ဆောင်မှုကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုများ ပေးပို့ခြင်းများ နှင့် လက်ခံရယူခြင်းများကို အကန့်အသတ်မရှိ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

“ပို့ဘီ”ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် USSD code (ဥပမာ- Hltaw B+ အား လက်ဆောင်ပေးပို့ရန်အတွက် *500# ကိုနှိပ်ကာ မိမိနှစ်သက်ရာ ပက်ကေ့ချ်ကိုရွေးချယ်ပြီး လက်ဆောင်ပေးနိုင်မည်) သို့မဟုတ် MPT 4U မိုဘိုင်းလ် application မှ တစ်ဆင့်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

“ပို့ဘီ”ဝန်ဆောင်မှု – MPT ဝန်ဆောင်မှုများနှင့် အသုံးပြုနိုင်သည့် နည်းလမ်းများ

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ MPT ရဲ့ ပို့ဘီဝန်ဆောင်မှုအသစ် က MPT အသုံးပြုသူတွေအတွက် ဆယ်သွယ်ရေးနဲ့ချိတ်ဆက်မှုဆိုင်ရာ နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး စီစဉ်ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ဆက်သွယ်ရေးဟာ ကျွန်တော်တို့ ရှင်သန်နေထိုင်တဲ့ ဘဝမှာ နေ့စဉ်လုပ်ငန်းလည်ပတ်ဖို့အတွက် မရှိမဖြစ် လိုအပ်လာတဲ့ နည်းပညာတစ်ခုအနေနဲ့ ဖြစ်လာပါပြီ။ အခုလို ဝန်ဆောင်မှုတွေကို အပြန်အလှန် ပေးပို့ဝေမျှနိုင်တဲ့ ပို့ဘီ ဝန်ဆောင်မှုအသစ်က တစ်ဦးနဲ့တစ်ဦး ဆယ်သွယ်ရာမှာ ပိုပြီး အဆင်ပြေလွယ်ကူလာနိုင်မှာဖြစ်တယ်လို့” ပြောကြားခဲ့သည်။

“ပို့ဘီ” ဝန်ဆောင်မှု အစီအစဉ်နှင့် MPT ၏ အခြားသော စိတ်ဝင်စားဖွယ်ရာ ဝန်ဆောင်မှုများ၊ ပရိုမိုးရှင်းအစီအစဉ်များ နှင့်ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Call Center နံပါတ် ၁၀၆ သို့ ခေါ်ဆိုမေးမြန်းခြင်း (သို့မဟုတ်) MPT ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm နှင့် MPT ဖေ့စ်ဘွခ် စာမျက်နှာ https://www.facebook.com/mptofficialpage တို့တွင် ဝင်ရောက်ကြည့် ရှု နိုင်ပါသည်။