×

MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ် အဖြစ် Dr. Noboru EDAGAWA ကို ခန့်အပ်

07 Mar 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် မတ်လ ၇ ရက်) လာမည့် ၂၀၁၉ ခုနှစ် ဧပြီလ (၁) ရက်နေ့မှစတင်ကာ MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ် သစ်အဖြစ် Dr. Noboru EDAGAWA ကို ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ Dr. EDAGAWA အနေဖြင့် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် MPT-KSGM Joint Operations တွင်စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလ ကတည်းက လက်ရှိ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Toshitake AMAMIYA နှင့်အတူ နည်းပညာဌာနကြီး၏ အရာရှိချုပ် အဖြစ်တာဝန်ယူ ဆောင်ရွက်နေခဲ့ခြင်းဖြစ်ပါသည်။ MPT-KSGM Joint Operations အနေဖြင့် နည်းပညာနှင့်ပတ်သက်ပြီး အတွေ့အကြုံများစွာပိုင်ဆိုင်ထားသည့် အမှုဆောင်အရာရှိချုပ်အသစ်ဖြစ်သော Dr. EDAGAWA နှင့်အတူ 5G အသင့်အနေအထား အဖြစ် ဆောင်ရွက်နိုင်ရန်အတွက် အားဖြည့် ဆောင်ရွက်သွားရန် လည်း ရည်ရွယ်ထားပါသည်။

သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် ဆယ်စုနှစ် ၃ ခုကျော် ကြာအောင် စီးပွားရေးရာနှင့် နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းလည်ပတ်မှုများနှင့် တိုးတက်လုပ်ဆောင်မှု အတွေ့အကြုံတို့ကို ပိုင်ဆိုင်ထားသူ Dr. EDAGAWA မှာ KDDI ကုမ္ပဏီများအုပ်စုရှိ များစွာသော ကဏ္ဍများတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ကာ ယင်းတို့အထဲတွင် KDDI အင်ဂျင်နီယာလုပ်ငန်း ၌ အမှုဆောင် ဒု ဥက္ကဋ္ဌ အဖြစ် လွန်ခဲ့သည့် ၂၀၁၄ ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ လည်းကောင်း၊ မိုဘိုင်းလ်နှင့် နေအိမ်အရောက် ဖိုက်ဘာလိုင်း သွယ်တန်းမှု (FTTH ) ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးခြင်းတို့ကိုဆောင်ရွက်သည့် KDDI စားသုံးသူစီးပွားရေးရာ မဟာဗျူဟာ ဌာန နှင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှု စီမံကိန်းဌာနတို့တွင် အထွေထွေမန်နေဂျာအဖြစ် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ လည်းကောင်း ဆောင်ရွက်ခဲ့ကာ သမုဒ္ဒရာဖြတ်ကျော် ပင်လယ်ရေအောက် အော်ပတီကယ်ကေဘယ်လ်စနစ် ၏ အစောပိုင်းမျိုးဆက်သစ် စနစ်များကိုဖော်ထုတ်ဆောင်ရွက်ခြင်းနှင့် FTTH စနစ်များချဲ့ထွင်ခြင်း စသည့်လုပ်ငန်းတို့ကို ဆောင်ရွက်ရသော KDDI သုတေသန နှင့်ဖွံ့ဖြိုးတိုးတက်ရေး ဓါတ်ခွဲခန်းများတွင် ဦးဆောင်သူ သုတေသန အင်ဂျင်နီယာ/မန်နေဂျာ အဖြစ် လွန်ခဲ့သည့် ၁၉၈၅ မှ ၂၀၀၅ ခုနှစ် အထိ ဆောင်ရွက်ခဲ့ပါသည်။ ၎င်းအနေဖြင့် Ph.D ဘွဲ့ကို opto-electrical engineering ဘာသာရပ်ဖြင့် ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ အိုဆာကာ တက္ကသိုလ်မှာ ၂၀၀၀ ခုနှစ်တွင် ရရှိခဲ့ကာ တယ်လီကွန်းလုပ်ငန်းအတွင်းတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၌ စွမ်းစွမ်းတမံဆောင်ရွက် ခဲ့ခြင်းအတွက် ဂျပန်နိုင်ငံရှိ ဂုဏ်ထူးဆောင်များကိုချီးမြှင့်သော Maejima Hisoka ဆုကိုလည်း လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်က ရရှိခဲ့ပြီး ဂျပန်နိုင်ငံရှိ ဂုဏ်သိက္ခာရှိ အဖွဲ့ဖြစ်သော Institute of Electronics Information and Communication Engineers (IEIEC) ၏ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

ယနေ့အချိန်အထိ နည်းပညာဌာနကြီး၏ အရာရှိချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ရာ၌ Dr. EDAGAWA အနေဖြင့် မြန်မာနိုင်ငံ၏ အလျင်မြန်ဆုံးတိုးတက်နေသော တယ်လီကွန်းဆက်သွယ်ရေး အခြေခံ အဆောက်အဦများကို တည်ဆောက်ခြင်း၊ MPT ၏ 3G နှင့် 4G/LTE+ ကွန်ရက်များကို နိုင်ငံအဝှမ်းတွင် ချဲ့ထွင်ခြင်း နှင့် နေအိမ်အရောက်ဖိုက်ဘာလိုင်းသွယ်တန်းမှု (FTTH) ဝန်ဆောင်မှုများ စသည့် အရေးပါသည့် ဖွံ့ဖြိုးတိုးတက်မှု မှတ်တိုင်များကို ကြီးကြပ်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါသည်။ ၎င်းအနေဖြင့် အသစ်ဆက်ခံမည့် အမှုဆောင်အရာရှိချုပ် ၏ တာဝန်များအတွက် 5G နှင့် IoT စသည့် မြန်မာနိုင်ငံအတွင်းရှိ တယ်လီကွန်း ဆက်သွယ်ရေးလောကတွင် လျင်မြန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာမည့် နည်းပညာများကို မိတ်ဆက် နိုင်စေမည့် မဟာဗျူဟာကျ ဦးတည်ချက်များကို ချမှတ်ပြီး ဦးဆောင်သူအဖြစ် အသင့် ရှိနေပြီလည်းဖြစ်ပါသည်။

“အမျိုးစုံလင်လှတဲ့ တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှု အသစ် အသစ် တွေကို ကမ်းလှမ်း နိုင်ဖို့အတွက် အလျင်အမြန် ဆောင်ရွက်နေကြပြီး ဈေးကွက်ပြိုင်ဆိုင်မှုလည်း အလွန်အားကောင်း လာမယ် ဆိုတာကို မြင်တွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့ တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍအတွက် စိတ်လှုပ်ရှားစရာ ကာလတစ်ခုမှာ အခုလို တာဝန်တွေကို ထမ်းဆောင်ဖို့ ခန့်အပ်ခြင်းခံရတဲ့အတွက် အထူးပဲဂုဏ်ယူ ဝမ်းသာမိပါတယ်။ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု စတင်ဆောင်ရွက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကနေစတင်ပြီး အံံ့သြဖွယ်ကောင်းလှတဲ့ တိုးတက်မှုတွေကို ပိုင်ဆိုင်နိုင်ခဲ့ပြီး နိုင်ငံအတွင်းက လူမှုအသိုက်အဝန်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုပြီးကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေနဲ့ မြန်နှုန်းမြင့် ကွန်ရက်ချိတ်ဆက်မှုကို ကျွန်တော်တို့ရဲ့ နိုင်ငံအဝှမ်းက 3G နဲ့ LTE+ 4G ကွန်ရက်နဲ့အတူ ပေးစွမ်းနိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ရှေ့ကိုလှမ်းချီ လုပ်ဆောင်သွားမှာပါ။ အခုလို ဆောင်ရွက်ခြင်း နဲ့အတူ မြန်မာနိုင်ငံအတွက် အံ့သြစရာကောင်းလောက်အောင် လျင်မြန်တဲ့နှုန်းထားနဲ့ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးရဲ့ အဆင့်မြင့်ဆုံး နည်းပညာနဲ့ တွက်ချက်မှုစနစ်တွေ ရရှိနိုင်တဲ့ လူနေမှုဘဝတွေကို မိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကတိကဝတ်ဖြစ်တဲ့ ရှေ့သို့လှမ်းချီမြန်မာပြည် ဆိုတဲ့ဆောင်ပုဒ်နဲ့အတူ တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို တိုးတက်ပေးစွမ်းပြီး မြန်မာပြည်သူလူထုရဲ့ ဘဝတွေ ပိုပြီးပြည့်စုံစေနိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်တွေကို အခြေခံကျတဲ့အုတ်မြစ်တစ်ခုအဖြစ် ဖော်ဆောင်ပြီး
“5G ခေတ်တစ်ခေတ်” ကို ကောင်းမွန်စိတ်ချရတဲ့ အခြေအနေနဲ့အတူ သုံးစွဲသူတွေကို ဒီထက် ပိုပိုပြီး ပေးစွမ်း ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်” ဟု Dr. Noboru EDAGAWA က ပြောကြားခဲ့သည်။