×

MPT Money က “သန့်ရှင်းခေတ်မီရှေ့သို့ချီ” နိုင်ငံတစ်ဝန်း စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုကို ဖေဖော်ဝါရီလတွင် ပြုလုပ်သွားမည်

14 Feb 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်) – MPT Money မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်း သည် မြန်မာနိုင်ငံအတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်ကင်းစင်စေရေးအတွက် တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းတစ်ခုအဖြစ် “သန့်ရှင်းခေတ်မီရှေ့သို့ချီ” နိုင်ငံတစ်ဝန်း စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုကို ဖေဖော်၀ါရီလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့သတင်းထုတ် ပြန်ကြေညာ လိုက်သည်။ အဆိုပါ လှုပ်ရှားမှုကို ဖေဖော်၀ါရီလ (၁၅) ရက်မှ စတင်၍ နေပြည်တော်နှင့်  မွန်ပြည်နယ် မော်လမြိုင်မြို့တို့တွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။ မိမိတို့နေ့ထိုင်ရာ လူမှုပတ်ဝန်းကျင် သာယာလှပစေရေးအတွက် ပတ်ဝန်းကျင်အား အထောက်အပံ့ဖြစ်စေရန်နှင့် လူမှုအသိုက်အဝန်းအတွင်း ပြုပြင်ပြောင်းလဲမှုများ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ လားရှိုးပြည်သူ့ဆေးရုံကြီး (ရှမ်းပြည်နယ်)၊ ရွှေမော်‌ဓောဘုရား (ပဲခူးတိုင်းဒေသကြီး) နှင့် စစ်တွေပွိုင့်ကမ်းခြေအနီးရှိ နေရာဒေသများအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၈)ခုတို့တွင် MPT စေတနာရှင် ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ဒေသခံ အဖွဲ့အစည်းများနှင့် ပြည်သူအများ စုပေါင်း၍ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ယခုနှစ်တွင် MPT Money ၏ ပဏာမခြေလှမ်းအဖြစ် ဦးဆောင်ကျင်းပသော “သန့်ရှင်း ခေတ်မီရှေ့သို့ချီ” နိုင်ငံတစ်ဝန်း စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုတွင် စေတနာရှင်ဝန်ထမ်း ၇၀၀၀ ကျော်ပူးပေါင်းပါ၀င်နိုင်မည်ဟု မျှော်မှန်းထားသည်။ အဆိုပါလှုပ်ရှားမှုသည် ပြည်သူများအကြား သန့်ရှင်းသာယာပြီး စိမ်းလန်းစိုပြေသော ပတ်၀န်းကျင်၏ အရေးပါမှုကို ပိုမိုသိသာထင်ရှားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဖေဖော်၀ါရီလတွင် စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုကို သတ်မှတ်ထားသော နေရာဒေသများ၌

 

ဒေသခံပြည်သူများ၊ အဖွဲ့အစည်းများ၊ MPT Money ကိုယ်စားလှယ်များ နှင့် MPT စေတနာရှင်၀န်ထမ်းများမှ ပါ၀င် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

“စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းဟာ ကျန်းမာရေး၊ တိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ရောက်နိုင်မယ့် ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ MPT Money ရဲ့ နိုင်ငံတစ်ဝန်းသန့်ရှင်းရေးလုပ်ဆောင်ချက်နှင့်အတူ ဒေသခံပြည်သူတွေကို မိမိတို့ပတ်ဝန်း ကျင်နဲ့ အများပြည်သူဆိုင်ရာနေရာတွေမှာ ဂုဏ်ယူစွာနဲ့ပူးပေါင်းပါဝင်စေချင်ပါတယ်။ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အမှိုက်စွန့်ပစ်မှုနှုန်းကို လျှော့ချနိုင်မှာဖြစ်သလို မြန်မာနိုင်ငံအတွင်း သန့်ရှင်းသာယာမှု အတွက် ပြည်သူလူထုကို အားပေးလှုံ့ဆော်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု MPT Money Co., Ltd ၏ အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သူ ဦးခင်မောင်မြင့် မှ ပြောကြားခဲ့ပါသည်။

“သန့်ရှင်းခေတ်မီရှေ့သို့ချီ” နိုင်ငံတစ်ဝန်းစုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှု အစီအစဉ်များကို အောက်ဖော်ပြပါ နေရာများတွင် ကျင်းပသွားမည်ဖြစ်သည်။

ရက်စွဲ မြို့၊ ပြည်နယ် နှင့် တိုင်းဒေသကြီး
ဖေဖော်ဝါရီလ (၁၅)ရက် နေပြည်တော်၊ နေပြည်တော်ကောင်စီနယ်မြေ

မော်လမြိုင်မြို့၊ မွန်ပြည်နယ်

ဖေဖော်ဝါရီလ (၂၂)ရက် မြစ်ကြီးနား၊ ကချင်ပြည်နယ်

ဟားခါးမြို့၊ ချင်းပြည်နယ်

စစ်တွေမြို့၊ ရခိုင်ပြည်နယ်

ရှမ်းပြည်နယ် ( အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း )

ပုသိမ်မြို့၊ ဧရာ၀တီတိုင်းဒေသကြီး

ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး (အနောက်)

ဖေဖော်ဝါရီလ (၂၉)ရက်

 

မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး

မကွေးမြို့၊ မကွေးတိုင်းဒေသကြီး

စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး

ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)

ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး

တနင်္သာရီမြို့ ၊ တနင်္သာရီတိုင်းဒေသကြီး

ကယားပြည်နယ်နေ့အထိမ်းအမှတ်ကွင်း၊ ကယားပြည်နယ်

ဘားအံ၊ ကရင်ပြည်နယ်

“သန့်ရှင်းခေတ်မီရှေ့သို့ချီ” နိုင်ငံတစ်ဝန်း စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုအစီအစဉ်သည် ဒေသခံ အသိုင်းအဝန်းများနှင့်အတူ လက်တွဲကာ နိုင်ငံတစ်ဝန်းရှိ အထင်ကရနေရာများ၊ စေတီပုထိုးများ၊ အများပြည်သူဆိုင်ရာနေရာများတွင် တတ်အားသရွေ့ လူထောင်ပေါင်းများစွာ ပူးပေါင်းပါဝင်ခြင်းဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်နိုင်စေရန် အဓိကရည်ရွယ်ထားပါသည်။

MPT Money ၏ “သန့်ရှင်းခေတ်မီရှေ့သို့ချီ” နိုင်ငံတစ်ဝန်း စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုနှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက MPT Money ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ @MPTMoneyOfficial သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။