MPT Myanmar | Moving Myanmar Forward Payment Through Bank Channel MM - MPT Myanmar | Moving Myanmar Forward
×

Payment Through Bank Channel အသစ်ဆိုတာဘာလဲ

MPT ဘေလ်ပေးဆောင်ခြင်းများအား လက်ရှိပေးဆောင်နေသော TRA counter ၊ MEB online payment နှင့် MPT မှသတ်မှတ်ထားသော တယ်လီဖုန်းဌာန များတွင်သာမက
KBZ နှင့် CB bank ဘဏ်များ၏ ဘဏ်ခွဲတိုင်းတွင်မက mobile/ibanking များမှတဆင့်လည်း လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်။

ပေးချေနိုင်သောဘေလ်အမျိုးအစားများ

လိုင်းဖုန်းဘေလ်များ , ADSL , FTTH and postpaid (အသုံးပြုပြီးမှပေးဆောင်ရသော) mobile phone ဘေလ်များအားလုံး

ဘေလ်ပေးဆောင်ရန်လိုအပ်သည့်အချက်အလတ်များ

ဘဏ်ကောင်တာမှတဆင့် ငွေပေးချေရန်အတွက် ငွေတောင်းခံလွာ မူရင်း သို့ မိတ္တူ၊ လက်ငင်းငွေသား နှင့် cheque ဖြင့်ပေးဆောင်မည်ဆိုပါက သက်ဆိုင်ရာဘဏ်များ၏ ချက်လက်မှတ်များယူဆောင်လာရန်လိုအပ်ပါသည်။

Mobile banking ဖြင့်ပေးဆောင်ရန်

မှတ်ချက်။ ဘဏ်များနှင့် mobile banking မှ ငွေပေးချေမှုပြုလုပ်ရန် ထပ်ဆောင်း ဝန်ဆောင်ခပေးဆောင်ရန်မလိုပါ။

Data Promotions


Night Time Data Package

Data များနဲ့ ည


MPT Viu Data Pack

Viu Data Pack ကို တစ်ကြိမ်ဝယ်ယူတိုင်း ၂၄ နာရီ ငှားရမ်းခ အခမဲ့ဖြင့် Viu အထူးကြည့်ရှုခွင့်ကို MPT မှ ပထမဆုံး မိတ်ဆက်ပေးလိုက်ပါပြီ။


JOOX

MPT brings to you the first ever data pack in Myanmar with a combination of JOOX data.....

More Data Promotions →

မေးခွန်းများ

၁။ Payment through bank channel အသစ်ဆိုတာဘာလဲ။

Payment through bank channel ဆိုသည်မှာ မကြာသေးခင်ကအထိ မိမိပေးဆောင်ရမည့် MPT ဘေလ်များအား TRA counter ၊ MEB online payment နှင့် MPT မှသတ်မှတ်ထားသော တယ်လီဖုန်းဌာန များတွင်သာပေးချေနိုင်ရာမှ ယခုအခါ ဇွန်လ (၁) ရက်နေ့မှစ၍ KBZ နှင့် CB bank ဘဏ်များ၏ ဘဏ်ခွဲတိုင်းတွင်မက mobile/ibanking များမှတဆင့်လည်း ငွေပေးချေနိုင်သော ဝန်ဆောင်မူဖြစ်ပါသည်။

၂။ မည်သည့်ဘေလ်အမျိုးအစားများကိုပေးချေနိုင်ပါသလဲ?

မြန်မာကျပ်ငွေဖြင့် ပေးဆောင်ရသော လိုင်းဖုန်းဘေလ်များ , ADSL , FTTH and postpaid mobile phone ဘေလ်များအားလုံးအကျုံးဝင်ပါသည်။

၃။ ယခင် MPT မှသတ်မှတ်ထားသော တယ်လီဖုန်းဌာနများတွင် ငွေပေးချေမူများ ဆက်လက်ပြုလုပ်နိုင်ပါသလား။

ယခင်ပေးချေနေသော MPT မှသတ်မှတ်ထားသော ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော် တယ်လီဖုန်းဌာနများတွင် လည်းငွေပေးချေမူများ ဆက်လက်ပြုလုပ်နိုင်ပါသည်။

၄။ Mobile / Internet Banking မှတဆင့်ငွေပေးချေရန်အတွက် မည်သည့်အချက်များလိုအပ်သနည်း။

Mobile / Internet Banking မှတဆင့်ငွေပေးချေရန်အတွက် KBZ ဘဏ် နှင့် CB ဘဏ် တို့်မှ ဘဏ်စာရင်းရှိရန် နှင့် မိမိ၏ ဘဏ်စာရင်းနှင့် Mobile / Internet Banking အကောင့်ချိတ်ဆက်ထားရန် လိုအပ်ပါသည်။

၅။ ဘေလ်ပေးဆောင်ရန် အတွက် အခြား အပိုဝန်ဆောင်ခများ ထပ်မံပေးဆောင်ရန်လိုအပ်ပါသလား။

ဘေလ်ပေးဆောင်ရန် အတွက် ဘဏ်ဝန်ဆောင်ခ အခမဲ့ ဖြစ်၍ မည်သည့်ုဝန်ဆောင်ခမျှ ထပ်မံပေးဆောင်ရန်မလိုအပ်ပါ။

More FAQs