MPT Myanmar | Moving Myanmar Forward Social Pack - MPT Myanmar | Moving Myanmar Forward
×

Social Pack ဆိုတာဘာလဲ?

Social Pack Promoဖြင့် Facebook, Messenger, Viber, LINE နှင့် Instagram တို့အပါအဝင် Social Data များနှင့် အခြားအင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်ပါသည်။

ဘယ်လိုရယူမလဲ?

နှုန်းထား (၅% ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီး) ဒေတာပမာဏ သက်တမ်း တိုက်ရိုက် ဝယ်ယူရန် ဝယ်ယူရန်
၁၉၉ ကျပ် 200MB ၂ ရက် *3001# *3333#
၉၉၉ ကျပ် 1000MB ၇ ရက် *3002#
၂၉၉၉ ကျပ် 3000MB ၃၀ ရက် *3003#

ဘယ်လိုရယူမလဲ?

နှုန်းထား (၅% ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီး) ဒေတာပမာဏ သက်တမ်း တိုက်ရိုက် ဝယ်ယူရန် ဝယ်ယူရန်
၁၉၉ ကျပ် 190MB ၂ ရက် *3001# ၂ ရက်အတွက်ရယူရန် *3333#
၉၉၉ ကျပ် 950MB ၇ ရက် *3002# ၇ ရက်အတွက်ရယူရန်
၂၉၉၉ ကျပ် 2,850MB ၃၀ ရက် *3003# 30 ရက်အတွက်ရယူရန်

*ဖော်ပြပါစျေးနှုန်းများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ပါ၀င်ပြီးဖြစ်သည်။

အထူးအစီအစဉ်ကို အကျုံးဝင်သူများ – ရွှေစကား၊ ဆွေသဟာ နှင့် ရှယ်ပြောအစီအစဉ်ရယူထားသော GSM နှင့် WCDMA အသုံးပြုသူများသာ (Prepaid နှင့် Postpaid နှစ်မျိုးစလုံးပါ၀င်သည်။)
လက်ကျန်ငွေစစ်ဆေးရန် – BAL ဟု ရိုက်နှိပ်ပြီး 1331 သို့ SMS ပေးပို့ရန်။

Social Pack တွင်ပါ၀င်သည့် သတ်မှတ် Application များ( Facebook,  Messenger, Viber, Line,Instagram) မှလွဲ၍ အခြား Application များကိုအသုံးပြုခြင်း၊ Video Call ခေါ်ဆိုခြင်း၊ VOIP ခေါ်ဆိုမှုများပြုလုပ်ခြင်း၊ Video file များကြည့်ရှုခြင်း၊ အခြားညွှန်းဆိုထားသော Website Link များနှင့် Applicationများကို ၀င်ရောက်ကြည့်ရှုခြင်းတို့ပြုလုပ်ပါက သုံးသလောက်ပေးနှုန်းထား(Pay-As-You-Go) ဖြင့်ကျသင့်စေမည်ဖြစ်သည်။ (အထက်ဖော်ပြပါအသုံးပြုမှုများအတွက် Social Package ကို အသုံးပြုနိုင်မည်မဟုတ်ပါ။)

USSD CODE : *3001#

USSD CODE : *3002#

USSD CODE : *3003#

စည်းမျဉ်းစည်းကမ်းများ

– Social application များဖြစ်သော Facebook, Messenger, Viber, LINE နှင့် Instagram တို့အတွက် အသုံးပြုနိုင်ပါသည်။
– ထို social application များမှတဆင့် external link များ၊ VoIP နှင့် voice call များအတွက် အသုံးပြု၍ ရနိုင်မည်မဟုတ်ပါ။
– CDMA နှင့် Base Tariff အသုံးပြုသူများ ဝယ်ယူသုံးစွဲ၍ မရနိုင်ပါ။
– ဆွေသဟာ/ရှယ်ပြော/ရွှေစကားအသုံးပြုသူများသည် Social Pack ကို ဝယ်ယူပြီးနောက် Base Tariff သို့ ပြောင်းရွှေ့အသုံးပြုလျှင် ကျန်ရှိနေသောဒေတာများကို အသုံးပြုနိုင်မည်မဟုတ်ပါ။ ဒေတာအသုံးပြုနိုင်သောကာလအတွင်းတွင် ဆွေသဟာ/ရှယ်ပြော/ရွှေစကားအစီအစဉ်အား ပြန်လည်ရယူပါက ဒေတာလက်ကျန်များကို သက်တမ်းကုန်သည်အထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
– Postpaid မှ Prepaid စနစ်သို့ပြောင်းရွှေ့အသုံးပြုလျှင် ဝယ်ယူပြီးသည့် Social Pack များကို အသုံးပြုနိုင်မည်မဟုတ်ပါ။
– Package များကို တစ်ရက်လျှင် အများဆုံး ၅ ကြိမ်အထိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာသက်တမ်းများကို ပေါင်းစည်းအသုံးပြုနိုင်မည်မဟုတ်ပါ။
ဏဖတ်ခဲ့သည်။

Other Data Promotions


Social Pack

လူကြိုက်အများဆုံး Social App တွေကို အသက်သာဆုံးစျေးနှုန်းနဲ့သုံးနိုင်ပြီ


MPT Viu Data Pack

Viu Pack ထောင်ပေါင်းများသော ဇာတ်ကားများကို Viu ဒေတာ 550 MB နှင့် Viu VIP ပါဝင်သော Viu Pack ကို ၅၄၉ ကျပ် ဖြင့် ကြည့်ရှု နိုင်ပါပြီ။


JOOX

MPT brings to you the first ever data pack in Myanmar with a combination of JOOX data.....

မေးခွန်းများ

၁။ Social Pack ဆိုတာ ဘာလဲ? ဘယ်လိုဝယ်ယူလို့ရနိုင်မှာလဲ?

Social Pack ဆိုတာ social application များဖြစ်သော Facebook, Messenger, Viber, LINE နှင့် Instagram တို့အတွက် အသုံးပြုနိုင်သော package များ ဖြစ်ပါတယ်။

Social Pack အသစ်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

နှုန်းထား (၅% ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီး) ဒေတာပမာဏ သက်တမ်း တိုက်ရိုက် ဝယ်ယူရန် ဝယ်ယူရန်
၁၉၉ ကျပ် 190MB ၂ ရက် *3001# *3333#
၉၉၉ ကျပ် 950MB ၇ ရက် *3002#
၂၉၉၉ ကျပ် 2,850MB ၃၀ ရက် *3003#

၂။ Social Pack အသုံးပြုရာတွင် စည်းကမ်းသတ်မှတ်ချက်များ ရှိပါသလား?

ထို social application များမှတဆင့် external link များ၊ VoIP နှင့် voice call များအတွက် အသုံးပြုလျှင် သုံးစွဲသူများ ရယူထားသော အစီအစဉ်များ၏ သုံးသလောက်ပေး အင်တာနက်နှုန်းထားအတိုင်း ကျသင့်မှာဖြစ်ပါတယ်။

၃။ Social Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

(ဆွေ/ရှယ်/ရွှေ) အစီအစဉ် ရယူထားသော GSM/WCDMA အသုံးပြုသူများနှင့် လက်ရှိအသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA နှင့် Base Tariff အသုံးပြုသူများမှာ ဝယ်ယူနိုင်မည် မဟုတ်ပါ။

၄။ Social Pack ရဲ့လက်ကျန်ငွေကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး Social Pack ၏ လက်ကျန်ပမာဏကို စစ်ဆေးနိုင်ပါတယ်။

၅။ Social Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

Package များကို တစ်ရက်လျှင် အများဆုံး ၅ ကြိမ်အထိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာသက်တမ်းများကို ပေါင်းစည်းအသုံးပြုနိုင်မည်မဟုတ်ပါ။

အမေးအဖြေများ